မိုင်းယောင်း ဇူလိုင် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ တာဝန်ရှိသူများက ယမန်နေ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ဝမ်ဘိုးကျေးရွာအုပ်စု၊ ပါမုန်ကျေးရွာ၌ ၂၀၁၄-၂၀၁၅ ခုနှစ်က ကိုယ်ထူကိုယ်ထဖြင့် ဆောင်ရွက်ခဲ့သည့် အလျား ပေ ၈၀၊ အနံ ၁၈ ပေ၊ အမြင့် ၁၈ အကျယ်ရှိ ပါမုန်တံတား ပြုပြင်ဆောင်ရွက်နေမှုအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးသည် မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုနှင့်အတူ မိ/စည်းအဖွဲ့ဝင် နေအိမ်၌ တစ်နိုင်တစ်ပိုင် စားဖိုဆောင်သီးနှံ (ရုန်းပဒေသီး) စိုက်ပျိုးဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုသည်။
ယင်းနောက် ဗလမင်းထင်ခန်းမ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း