ပေါင်မြို့နယ်၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲပြုလုပ်

ပေါင် ဇူလိုင် ၈

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပေါင်မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဆောင်ရွက်သော အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲကို ယမန်နေ့က အထက(ဆင်ဖြူရပ်)ကျောင်း၌ ပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးနှင့်ဝန်ထမ်းများ၊ ပေါင်မြို့နယ်စာရေးဆရာအသင်းမှ ဆရာတင်အောင်စန်း(မော်လမြိုင်)၊ ဆရာငှက်တောင်ပျံ(ဇင်းကျိုက်)တို့နှင့် စာရေးဆရာများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းသီတာလွင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းသီတာလွင်က အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက အာဇာနည်နေ့ အထိမ်းအမှတ်နှင့်ပတ်သက်၍ သိကောင်းစရာများကိုလည်းကောင်း၊ စာရေးဆရာ တင်အောင်စန်း(မော်လမြိုင်)က အကြောင်းနှင့်အကျိုးခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ငှက်တောင်ပျံ(ဇင်းကျိုက်)က ပညာရေးကောင်းမှ တိုင်းပြည်ကောင်းမည် ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။

ဆက်လက်၍ ဒေါက်တာလှဘေ ပညာပါရမီစာကြည့်တိုက်(မော်လမြိုင်)မှ အထက(ဆင်ဖြူရပ်)‌ကျောင်းစာကြည့်တိုက်အတွက် သုတ/ရသစာအုပ်‌ (၁၀၀) လှူဒါန်းပေးခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းသီတာလွင်က ကျေးဇူးတင်စကားပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အာဇာနည်နေ့နှင့်ပတ်သက်သည့် နံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်သား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)