ကလောမြို့နယ်၌‌ခြောက်တန်းသွားကောက် စိုက်စက်နှင့်ရှစ်တန်းသွားလက်ဆွဲအ‌စေ့ချကိရိယာဖြင့် စပါးစိုက်ပျိုးသရုပ်ပြသ

ကလော    ဇူလိုင်     ၈

စက်မှုလယ်ယာဦးစီးဌာန၊ အောင်ပန်းမြို့အမှတ်(၆၅) စက်မှုလယ်ယာစခန်းမှကြီးမှူးကျင်းပ သည့်ခြောက်တန်းသွားကောက်စိုက်စက်နှင့်ရှစ်တန်းသွားလက်ဆွဲအစေ့ချကိရိယာတို့ဖြင့် စပါးစိုက် ပျိုးခြင်းကွင်းသရုပ်ပြသပွဲကို ဇူလိုင် ၈ ရက် နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ဟဲဟိုးမြို့၊ဝါးရုံပင်ကျေးရွာအုပ်စု၊ တောင်သူ ဦးဇင်မြင့်ဇော်၏ လယ်မြေတွင် ကျင်းပသည်။ 

ခြောက်တန်းသွားကောက်စိုက်စက်နှင့် ရှစ်တန်းသွားလက်ဆွဲအစေ့ချကိရိယာတို့ဖြင့် စပါးစိုက်ပျိုးခြင်းဖြင့် လယ်ယာလုပ်ငန်းခွင်တွင် လုပ်သားရှား ပါးမှုပြသာနာများလျှော့ချနိုင်မှု၊ အချိန်ကုန်သက်သာပြီး ပြီးစီးမှုမြန်ဆန်သောကြောင့်ရာသီအချိန်မီ စိုက်ပျိုးပြီးစီးမှု၊ မျိုးစပါးကုန်ကျမှု လျော့နည်းခြင်းနှင့် စိုက်ပျိုးစရိတ်သက်သာခြင်း၊ စိုက်ပျိုးနည်း စနစ်မှန်ကန်မှုကြောင့် အထွက်နှုန်းပိုမိုတိုးတက်၍ ဝင်ငွေများတိုးတက်စေရန်နှင့်တောင်သူများ လက်တွေ့ကျကျ သိရှိနားလည်နိုင်ရန်ရည်ရွယ်၍ ယခုလိုသရုပ်ပြပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း‌‌ အောင်ပန်းမြို့အမှတ်(၆၅) စက်မှုလယ်ယာစခန်းမှ မြို့နယ်ဦးစီးဌာနမှူး ဦးရဲမြင့်က ပြောကြားသည်။

ထို့နောက်ခြောက်တန်းသွားကောက် စိုက်စက်နှင့်ရှစ်တန်းသွား လက်ဆွဲအစေ့ချကိရိယာတို့ဖြင့် စပါးလက်တွေ့စိုက်ပျိုးခြင်းကိုသရုပ်ပြသခဲ့ကြောင်း သိရသည်။

ကျော်ဝင်း(ကလော)