ကန့်ဘလူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး

ကန့်ဘလူ ဇူလိုင် ၈

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ဆက်လက်ထုတ်ချေးပေးလျဿ်ရှိရာ ဇူလိုင် ၇ ရက်နံနက် ၁၀ နာရီက အမှတ်( ၃)ရပ်ကွက်မှ တောင်သူ ၉၇ ဦး၏ စပါး ၃၂၁ ဧကအတွက် ငွေကျပ် ၉၆၃ သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 ကန့်ဘလူမြို့နယ်တွင် ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မေ ၁၂ ရက်က စတင်ထုတ်ချေးပေးခဲ့ရာ ယနေ့အထိ ရပ်ကွက်/ကျေးရွာအုပ်စု (၅)အုပ်စုမှ တောင်သူ ၃၈၇ ဦး၏ စပါး ၁၂၀၂ ဧကအတွက် ငွေကျပ် ၃၆၀၆ သိန်းကို ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်ရုံးမှ သိရသည်။

မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို ယခင်နှစ် ၂၀၂၅ မိုးချေးငွေ အကျေပေးဆပ်ပြီးသူ တောင်သူများကိုသာ ဦးစွာထုတ်ချေး ပေးလျက်ရှိပြီး ၂၀၂၆ ခုနှစ် စိုက်ပျိုးစရိတ်ချေးငွေ မိုးသီးနှံစပါးတစ်ဧကလျှင် ငွေကျပ် သုံးသိန်းနှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ တစ်မြို့နယ်လုံးတွင် ကျေးရွာအုပ်စု (၁၀)အုပ်စုမှ တောင်သူပေါင်း ၁၅၀၀ အတွက် ငွေကျပ်သိန်းပေါင်း တစ်သောင်းရှစ်ထောင် ထုတ်ချေးပေးရန်လျာထားကြောင်းနှင့်ကျန်ရှိနေသေးသည့်ကျေးရွာများမှ တောင်သူများကိုလည်း သတ်မှတ်ကာလအတွင်း ဆက်လက်ထုတ်ချေးပေးမည်ဖြစ်ကြောင်း  ခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မန်နေဂျာ ဒေါ်စန်စန်းအေးက ပြောသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)