ငါန်းဇွန်မြို့နယ်၌  အခြေခံပညာမူလတန်းကျောင်းများသို့ ကျောင်းကျန်းမာရေးဟောပြော 

ငါန်းဇွန် ဇူလိုင်

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်တွင် ယနေ့ နံနက် ၁၀ နာရီကစ၍ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများမှ မြို့ပေါ်ရှိအခြေခံပညာမူလတန်းကျောင်းများဖြစ်သော အမှတ်(၃)နှင့်အမှတ်(၄)ကျောင်းများရှိ ကျောင်းသား/ကျောင်းသူများ၏ ကျန်းမာရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုများ၊ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆက်လက်ကွင်းဆင်းဆောင်ရွက်သည်။

ဦးစွာ အမှတ်()ကျောင်းမှ ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးနှင့်ပတ်သက်သော အသိပညာပေးဟောပြောရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်သိမ့်သိမ့်မြင့်အောင်မှ တစ်ကိုယ်ရေကျန်းမာရေးအတွက် သန့်ရှင်းစွာ နေထိုင်စားသောက်ကြဖို့လိုကြောင်း၊ ခြေသည်းလက်သည်းများကို ပုံမှန်ကိုက်ကြရန်လိုကြောင်း၊ အစာမစားမီ  လက်ကိုဆပ်ပြာနှင့်စင်ကြယ်စွာ ဆေးကြောရမည်ဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေးမဖြစ်ပွားစေရန်ခြင်များမကိုက်အောင် နေထိုင်ကြဖို့လိုကြောင်း၊ ပိုးလောက်များ မပေါက်ပွားအောင် ရေတွင်း၊ ရေကန်၊ ရေအိုးများကို အဘိတ်ဆေးခပ်၍ အဖုံးဖုံးထားရန်လိုကြောင်း၊ ရေဆိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ကြရန် လိုကြောင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်သည့် ရေလောင်းအိမ်သာများကို စနစ်တကျသုံးစွဲတတ်ကြရန်လိုကြောင်း အသိပညာပေး ဟောပြောသည်။

ထို့နောက် ကျန်းမာရေးဆရာမ ဒေါ်သိမ့်သိမ့်မြင့်အောင် ဦးဆောင်သော ကုသရေးဌာနမှ ဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများသည် ကျောင်းသား/ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ခြေသည်းလက်သည်းများ စစ်ဆေးခြင်း၊ လည်ပင်းကြီးရောဂါ ရှိ/ မရှိ စစ်ဆေးပေးခြင်း၊ အရေပြားရောဂါများ ရှိ/ မရှိ စစ်ဆေးခြင်း၊ မျက်စိဝေဒနာ ရှိ/ မရှိ စစ်ဆေးပေးခြင်း စသည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်၍ လိုအပ်သည့်ဆေးဝါးများ၊ ကုသမှုများကို ဆောင်ရွက်သည်။

ဆက်လက်၍ သွားရောဂါဌာနမှ ဒေါက်တာ ဇင်မင်းထက် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများသည် KG နှင့် Gread 1 မှ ကျောင်းသား/ ကျောင်းသူများအား သွားကျန်းမာရေး အသိပညာပေးဟောပြောခဲ့ပြီး ကလေးငယ်များကို သွားရောဂါ ရှိ/မရှိ စစ်ဆေးပေးသည်။ ထို့နောက် လိုအပ်သည့် သွားကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေး၍ ကလေးများကို သွားတိုက်နည်းများ သင်ပြပေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများသည် မွန်းလွဲ နာရီခွဲတွင် အမှတ် () အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ ကျောင်းကျန်းမာရေး ကွင်းဆင်းဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)