သံဖြူဇရပ်မြို့နယ်၌ အမြင်သစ်ငွေစုငွေချေး သမဝါယမအသင်းလီမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

သံဖြူဇရပ် ဇူလိုင် ၇

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် အမြင်သစ်ငွေစုငွေချေးသမဝါယအသင်းလီမိတက်၏ (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အမြင်သစ်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ သဘာပတိ၊ အသင်းဥက္ကဋ္ဌ ဦးဟိန်းလင်းအောင်က အမှာစကားပြောကြားပြီး အသင်းသားစာရင်းစစ် ဒေါ်ပန်းအိစိုးက အမှုဆောင်အဖွဲ့အစီရင်ခံစာနှင့် ဘဏ္ဍာရေးစာရင်းရှင်းတမ်းများအား ချပြရှင်းလင်း၍ အတည်ပြုချက်ရယူပြီး မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က အမှုဆောင်ရွေးချယ်ပွဲနှင့်စပ်လျဥ်း၍ သမဝါယမအသင်းကို ပြင်ဆင်သည့် အသင်းဥပဒေ၊ နည်းဥပဒေများကိုရှင်းလင်းပြောကြား၍ အမှုဆောင်သစ်ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ကာ အသင်းသားများအား အစုပေါ်အမြတ်နှင့် စာသုံးဆီများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)