မိုးညှင်း ဇူလိုင် ၇
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့၌ သစ်တောထိန်းသိမ်းရေးနှင့် ရေသယံဇာတထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ယမန်နေ့ နံနက် ၈နာရီခွဲက ဟဲလုံကျေးရွာရှိ လွပ်လပ်သောတိုင်းရင်းခရစ်ယာန်သာသနာအသင်းတော် ဘုရားရှိခိုးကျောင်း၌ ကျင်းပသည်။
ဦးစွာ ဟောပြောပွဲတွင် မြို့နယ်သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းကိုကိုက သစ်တောမြေနှင့် သစ်တောမြေပြင်ပတွင် စိုက်ပျိုးထားသော သစ်တောသစ်ပင်များ မှတ်ပုံတင် စားရေးသွင်းနိုင်ရန်နှင့် မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ဇီဝမျိုးကွဲနှင့် ပတ်ဝန်ကျင်ထိန်း သိမ်းရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးပြောကြားပြီး တောအုပ်ကြီး ဦးသန့်ဇင်ဦးက သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတ ထိန်းသိမ်းရေးဆိုင်ရာများကို ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသည့် ဒေသခံများက သိရှိလိုသည်များကိုမေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးပြန်လည် ဖြေကြား ပေးခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျေးလက်နေ ဒေသခံ စုစုပေါင်း (၁၀၂) ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
ကိုသောင်း