မတ္တရာ ဇူလိုင် ၇
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် ပြည်ထောင်စုရန်ပုံငွေ အစီအစဉ်ဖြင့် စုဆောင်းထားသော အရန်မျိုးစပါးတင်းပေါင်း ၁၀၉၄ တင်းကို သဘာဝဘေးအန္တရာယ်နှင့် ယာယီနေရပ်စွန့်ခွာရာမှ ပြန်လည်ရောက်ရှိလာသော တောင်သူများအား အခမဲ့ထောက်ပံ့ပေးအပ်ပွဲ ကို ယနေ့နံနက် ၁၀နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးဦးချစ်ကိုမှ အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်သီတာမှ မျိုးစပါးများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေး ညှိနှိုင်းကြီးကြပ်မှုကော်မတီဝင်များမှ ရှမ်းတော၊ အောက်တောင်ကိုင်း၊ သဲကော၊ ပန်းယျ၊ ကွေ့တော၊ ဝန်စု၊ လွန်တောင်း၊ လမိုင်း၊ တဲကုန်း၊ ကံဘဲ့နှင့် ကျုံးကျေးရွာအုပ်စုများမှ တောင်သူများထံသို့ အောင်နိုင်တိုး စပါးမျိုး၊ ရွှေသွယ်ရင်စပါးမျိုးနှင့် ရွှေမနော် စပါးမျိုးများကို စိုက်ဧကများအလိုက် အခမဲ့ ခွဲဝေထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရသည်။
ရွှေရာသား