ဒဂုံမြောက် ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဦးစီးမှူး ဒေါက်တာတင်မူမြင့်၏ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက (၂၉) ရပ်ကွက်မှ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး P-fizer ဆေးကို ယနေ့နံနက်ပိုင်းက လာရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အထက်တန်းသူနာပြု ဒေါ်သင်းသင်းဆိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက (၂၉) ရပ်ကွက်မှ ရပ်ကွက်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး P-fizer ဆေးကို ရပ်ကွက်နေပြည်သူ (၁၀၄) ဦးတို့အား ထိုးနှံ ပေးခဲ့ပြီး ကျန်းမာရေးအသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ