တန့်ယန်း ဇူလိုင် ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲ အခမ်းအနားကို ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက စုပေါင်းတန်းစီကွင်း၌ ကျင်းပသည်။
အဆိုပါကတိသစ္စာခံယူပွဲတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက အလေးပြုကြပြီး ကျောင်းအုပ်ဆရာကြီး ဦးဇော်မွန်းက အမှာစကားပြောကြားကာ အသင်းအသီးသီးကို တာဝန်ယူကြမည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကိုယ်စားပြုအလံများ ကိုင်ဆောင်၍ ကတိသစ္စာပြုခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)