ကွမ်းခြံကုန်းမြို့နယ်၌ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲကျင်းပ

ကွမ်းခြံကုန်း ဇူလိုင် ၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ဖွင့်လှစ်ခဲ့ပါသည်။

ဖွင့်ပွဲတွင် ကွမ်းခြံကုန်းမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးချန်ဖီယာန်က အဖွင့်အမှာစကားပြောကြားပြီး၊ မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိဦး‌ အောင်မျိုးထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းများ ရှင်းလင်းပြောကြားခဲ့ခြင်းနှင့် တာဝန်ရှိသူများက သင်တန်းသားဝတ်စုံများ ပေးအပ်ခဲ့ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် ကွမ်းခြံကုန်းမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်အရန်တပ်ခွဲမှူးများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြပြီး သင်တန်းအားသင်တန်းသား (၅၀) ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ဇူလိုင် (၆) ရက်‌နေ့မှ ဇူလိုင် (၁၇) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆွေနွယ် (ပြန်/ဆက်)