ကလောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာ‌ပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြသ

ကလော ဇူလိုင် ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူးနှင့် အဖွဲ့ဝင်များသည် ဇူလိုင်လ ၇ ရက်နေ့ နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်း‌ကျောင်း တေဇခန်းမ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာ‌ပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြသခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ကလောမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးဝေဇင်က ကျောင်းသား၊ ကျောင်းသူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများအ‌ကြောင်း အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား၊‌ ကျောင်းသူများအား မီးဘေးကြုံတွေလာပါက အရေးပေါ် မီးသတ်ဆေးဘူးနှင့် မီးငြိမ်းသတ်နည်းတို့ကို လက်‌တွေ့သရုပ်ပြသခဲ့ကြောင်း သိရှိရသည်။

ကျော်ဝင်း(ကလော)