မန္တလေးခရိုင် မီးသတ်ဦးစီးဌာနမှ အောင်မြေသာစံမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့စခန်းများအား ကြည့်ရှုစစ်ဆေး

မန္တလေး ဇန်နဝါရီ ၂၃

မန္တလေးခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့်အဖွဲ့သည် အောင်မြေသာစံမြို့နယ်အတွင်းရှိ မေဃဂီရိရပ်ကွက်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ ညောင်ကွဲရပ်ကွက်၊ အမရဌာနီအရှေ့ရပ်ကွက်၊ ဥပုသ်တော် ရပ်ကွက်များရှိ အရန်မီးသတ်တပ်ဖွဲ့စခန်းများသို့ ယမန်နေ့ နံနက် ၉ နာရီခွဲက လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် မန္တလေးခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကိုကို၊ အောင်မြေသာစံမြို့နယ် မီးသတ်ဦးစီးမှူး ဦးမြင့်ခိုင်၊ မန္တလေးခရိုင်အရန်မီးသတ် ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးကို၊ အတွင်းရေးမှူး ဦးဝင်းစိန်၊ မြို့နယ်အရန်မီးသတ်တပ်ရင်းရုံးမှ တပ်ခွဲမှူး မြင့်ဇော်နှင့်တပ်ဖွဲ့ဝင်များက မီးသတ်စခန်းများသို့သွားရောက်၍ စခန်းတာဝန်ခံများနှင့် တပ်ဖွဲ့ဝင်များအား တွေ့ဆုံ ကာတပ်ဖွဲ့ဝင်များအနေဖြင့် မီးလောင်ပြင်သို့ မထွက်ခွာမီ ယူနီဖောင်းအပြည့်အစုံ ဝတ်ဆင်၍ Level ပါရှိမှသာထွက်ခွာကြရန်၊ ယာဉ်မောင်းများ အနေဖြင့် လမ်းဆုံလမ်းဂွများ၌ ယာဉ်အားအရှိန်လျှော့ မောင်းနှင်ရန်၊ မီးပွိုင့်များ မီးနီနေပါက ဖြတ်သန်းမောင်းနှင်ခြင်းမပြုကြရန်၊ ယာဉ်များကို သတ်မှတ်မိုင်နှုန်းထက် ပို၍မမောင်းနှင်ကြရန်၊ မီးသတ်ယာဉ်ကြံ့ခိုင်ရေးနှင့်မိမိတို့၏ မီးသတ်စခန်းများ သာယာလှပရေးတို့အတွက် ဆောင်ရွက်ကြရန်တို့ကို လက်ထောက်ညွှန်ကြား ရေးမှူးက မှာကြားခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)