မိုင်းရှူး ဇူလိုင် ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက်(၁၀)နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိန်ငွေက ကျောင်းစည်းကမ်းအကြောင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထွေးက စာဖတ်ခြင်းအကျိုးကျေးဇူးများ၊ စာကြည့်တိုက်လက်ထောက်(၃)ဒေါ်ငုဝါက ရုပ်ပြပုံပြင်များ ဖတ်ကြားခဲ့သည်။ ထို့နောက် ကျောင်းသား၊ကျောင်းသူများအား စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့သည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ အမှတ်တရပုံရိပ်များစသည့် အသိပညာပေး နံရံကပ်စာစောင်နှင့်ဓါတ်ပုံပြပွဲကို ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မိုင်းရှူး(ပြန်/ဆက်)