နမ့်စန်တွင် ကျောင်းပေါင်းစုံ အသက်(၁၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ရှုံးထွက်(ကွားတားဖိုင်နယ်)ပွဲစဉ်များ ဆက်လက်ကျင်းပ

နမ့်စန်() ဇူလိုင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဇွန်လ ၂၉ ရက်မှ စတင်၍  ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက ရှုံးထွက်(ကွာတားဖိုင်နယ်) ပွဲစဉ်များကို မြို့နယ် ကျောက်တိုင် အားကစားကွင်း ၌ ဆက်လက်ကျင်းပခဲ့ကြောင်းသိရသည်။

နံနက်၈ နာရီချိန်တွင် ကွာတားဖိုင်နယ် ပထမပွဲစဉ်အဖြစ် အထက-ခွဲ(၅ရပ်ကွက်)အသင်းနှင့် အ.ထ.က(ဟိုက်ဖတ်)အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ အ.ထ.က-ခွဲ(၅)ရပ်ကွက်အသင်းက ၆ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဆက်လက်၍ နံနက် ၁၀ နာရီတွင် ဒုတိယပွဲအဖြစ် အ.ထ.က(ခိုလန်)အသင်းနှင့် အ.လ.က-ခွဲ (၁ရပ်ကွက်)အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ အ.ထ.က(ခိုလန်)အသင်းက ၆ဂိုး၁ဂိုးဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ညနေပိုင်းတွင် ကွာတားဖိုင်နယ်တတိယပွဲစဉ်အဖြစ် အ.ထ.က-ခွဲ(လေတပ်)နှင့် အ.ထ.က-ခွဲ(မြို့ဦး)အသင်းတို့ကလည်းကောင်း စတုတ္ထပွဲစဉ်အဖြစ် အ.ထ.က(နမ့်စန်)နှင့် အ.ထ.က(မြို့မ) (က) အသင်းတို့လည်းကောင်း ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကာ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇူလိုင်လ ၉ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)