စဉ့်ကိုင်မြို့နယ်၌ သီးသန့်အခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲ အခမ်းအနားကျင်းပ

စဉ့်ကိုင် ဇူလိုင် ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်မီးသတ်ဦးစီးဌာနမှ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ ကင်းဝေးစေရန်နှင့် မီးလောင်မှုနှင့် မီးလန့်မှုများကြောင့် ပျက်ဆီးဆုံးရှုံးမှု လျော့နည်း ကျဆင်းစေရန်အတွက် သီးသန့်အခြေခံ မီးသတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆)ဖွင့်ပွဲကို တောင်ရင်းကျေးရွာရှိ ကံကောင်းခြင်းရတနာ သစ်အချောထည် စက်ရုံ၌ ဇူလိုင်လ ၆ ရက် နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

ရှေးဦးစွာ သင်တန်းတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဗိုလ်အောင်မောင်မောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင်၊ မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နိုင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။

ထို့နောက် သင်တန်းကို ဆက်လက်ကျင်းပရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ သင်တန်းနည်းများဖြစ်သည့် မြို့နယ်ဦးစီးမှူး ဦးကြည်ဇော်ထိုက်နှင့် တပ်ဖွဲ့ဝင်များက မီးသတ်ပိုက်လိပ်ခြင်း၊ ပိုက်ခေါင်း ကောက်ခြင်း၊ စစ်ရေးပြခြင်းဘာသာရပ်၊ မီးသတ်ရေစုတ်စက်ကလေး လေ့ကျင့်ခန်းနှင့် မီးသတ်စက်ကြီး လေ့ကျင့်ခန်းများကို ‌သင်ကြားလေ့ကျင့်ပေးခဲ့ကြောင်း သိရပြီး သင်တန်းကို ဇူလိုင်လ ၆ ရက်နေ့မှ ဇူလိုင်လ ၁၇ ရက်နေ့ထိ လက်တွေ့သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)