တောင်ကြီး ဇူလိုင် ၆
ရှမ်းပြည်နယ်အတွင်း ဘက်စကက်ဘောအားကစား ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ် ကျင်းပသည့် ၂၀၂၆ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် ဘက်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇူလိုင်လ(၆)ရက်နေ့၊ မနက်ပိုင်းက၊ တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ကျင်းပရာ ခေတ္တရှမ်းပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ ပြည်နယ်ဝန်ကြီးများ ၊ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ပြည်နယ်ခရိုင်မှဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဘက်စကက်ဘောအားကစားကို ချစ်မြတ်နိုးသူများတက်ရောက်ကြောင်း သိရသည်။
ဦးစွာ ၂၀၂၆ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် ဘက်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် တောင်ကြီးမြို့နယ်အသင်းနှင့် လားရှိုးမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ခေတ္တရှမ်းပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ပြည်နယ်ခရိုင်မှဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဘက်စကက်ဘောအားကစားကို ချစ်မြတ်နိုးသူများက ကြည့်ရှုအားပေးကြပြီး လားရှိုးမြို့နယ်အသင်းက တောင်ကြီးမြို့နယ်အသင်းကို (၈၂)မှတ်(၇၇)မှတ်ဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကိုကျင်းပရာ ပထမဦးစွာ အကောင်းဆုံးအမျိုးသမီးအားကစားသမားဆုရ ကျောနံပါတ် (၅) တောင်ကြီးမြို့နယ်အသင်းမှ မလင်းလက်ထွန်းအား ဆုတံဆိပ်နှင့်ငွေသားဆုကို ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ကလည်းကောင်း၊ အကောင်းဆုံးအမျိုးသားအားကစားသမားဆုရ ကျောနံပါတ် (၄၄) လားရှိုးမြို့နယ်အသင်းမှ မောင်အောင်ဦးအား ဆုတံဆိပ်နှင့်ငွေသားဆုကို ပြည်နယ်အာခါတိုင်းရင်းသားရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသမီး (၃)ဦးတွဲ ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသော ဟိုပုံးမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ် လားဟူတိုင်းရင်းသားရေးရာဝန်ကြီးကလည်းကောင်း၊ ပူးတွဲတတိယဆုရရှိသော တောင်ကြီးမြို့နယ် (ဂ)အသင်းအားတစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ကလည်းကောင်း၊ ဒုတိယဆုရရှိသွားသော တောင်ကြီးမြို့နယ်(ခ)အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့်ငွေသားဆုကို ပြည်နယ်ကယန်းတိုင်းရင်းသားရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသား (၃)ဦးတွဲ ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသွားသော ကျောက်မဲမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်ကချင်တိုင်းရင်းသားရေးရာဝန်ကြီးကလည်းကောင်း၊
ပူးတွဲ တတိယဆုရရှိသော တောင်ကြီးမြို့နယ်(ခ)အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်ဥပဒေချုပ်ကလည်းကောင်း၊ ဒုတိယဆုရရှိသော တောင်ကြီးမြို့နယ်(က)အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကို ပြည်နယ်စည်ပင်သာယာရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသမီး (၅)ဦးတွဲ ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ဆီဆိုင်မြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးကလည်းကောင်း၊ အမျိုးသား (၅)ဦးတွဲ ပြိုင်ပွဲတွင် တတိယဆုရရှိသော ကျောက်မဲမြို့နယ်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးကလည်းကောင်း၊ ဒုတိယဆုရရှိသော တောင်ကြီးမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကလည်းကောင်း၊ အမျိုးသမီး (၃)ဦးတွဲပြိုင်ပွဲတွင် ပထမဆုရရှိသော တောင်ကြီးမြို့နယ်(က)အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသာ ပြိုင်ပွဲ(၃)ဦးတွဲပြိုင်ပွဲတွင် ပထမဆုရရှိသော လားရှိုးမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကို ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌကလည်းကောင်း၊ အမျိုးသမီး (၅)ဦးတွဲ ပြိုင်ပွဲတွင် ပထမဆုရရှိသော တောင်ကြီးမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဆုဖလားနှင့် ငွေသားဆုကို ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ကလည်းကောင်း၊ အမျိုးသား (၅)ဦးတွဲ ပြိုင်ပွဲတွင် ပထမဆုရရှိသော လားရှိုးမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဆုဖလားနှင့် ငွေသားဆုကို ခေတ္တရှမ်းပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မင်းသန့်(ပြန်/ဆက်)