ပေါင်မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ အစိုးရရုံးနှင့် လူနေအိမ်များပျက်စီး

ပေါင် ဇူလိုင် ၆

မွန်ပြည်နယ်၊ပေါင်မြို့နယ် ကဒါရပ်ကွက်၊ မြို့သစ်ပိုင်း၌  ယမန်နေ့ည (၇း၄၅) နာရီခန့်က မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ကဒါရပ်ကွက် မြို့သစ်လမ်းရှိ  ဘုန်းတော်ကြီး‌ကျောင်း(၁)ကျောင်း၊အ‌ခြေခံပညာမူလတန်းကျောင်း(၁)‌ ကျောင်း၊ အစိုးရရုံး(၂)ရုံး နှင့် လူနေအိမ်(၁၈) လုံး အမိုးလန်ပျက်စီးခြင်းများဖြစ်ပွားခဲ့သည်။ 

ထိုဖြစ်ပွားရာနေရာသို့  မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်ကြည့်ရှူခဲ့ပြီး လိုအပ်သည်များ ပံ့ပိုးကူညီ‌ဆောင်ရွက်ပေးခဲ့သည်။ ထိုလေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီး ၁ ပါးနှင့် ကိုရင်၂ပါး ထိခိုက်ဒဏ်ရာ  ရရှိခဲ့ကြောင်းသိရသည်။

မွန်မလေး(ပြန်/ဆက်)