ကျောက်မဲ ဇူလိုင် ၆
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၏ စီစဉ်မှုဖြင့် မြို့ပေါ်ရပ်ကွက်ရုံးများနှင့် အဆိုပါခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးတို့၌ လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးလုပ်ငန်းကို လစဉ်လဆန်းပိုင်းတွင် တစ်လလျှင် (၅) ရက်ကြာ သတ်မှတ်၍ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် ကလေးငယ်များ၏ အသက်အရွယ်အလိုက် ဘီစီဂျီ၊ ရိုတာ၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်နှင့် ငါးမျိုးစပ်ကာကွယ်ဆေး စသည်တို့ကို စနစ်တကျ ထိုးနှံတိုက်ကျွေးပေးလျက်ရှိသည်။
ကျောက်မဲခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးနှင့် မြို့ပေါ်ရှိ ရပ်ကွက်ရုံးများတွင် ဆောင်ရွက်ခဲ့ရာ ပြီးခဲ့သည့်လအတွင်းက မြို့ပေါ် (၉) ရပ်ကွက်မှ စုစုပေါင်း အသက် ၅ နှစ်အောက် ကလေးငယ် ၁၈၀ ဦးခန့်ကို ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်