ကျိုင်းတုံမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကျိုင်းတုံ ဇူလိုင် ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် ယနေ့က အခြေခံပညာကျောင်းများတွင် ဆောင်ရွက်လျက်ရှိသည်။ 

ထိုသို့ အမှတ်(၁၉)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(ရှမ်းအရှေ့)ကွပ်ကဲမှုအောက်ရှိ အမှတ် (၁၂၀) ယာဉ်ထိန်း ရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ တပ်ဖွဲ့ဝင်များက အခြေခံပညာကျောင်းများတွင် ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းရေးဆိုင်ရာ အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောခြင်းနှင့် ကျောင်းတက်/ဆင်းချိန်များတွင် ယာဉ်သွားလာမှုများ ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)