မိုင်းနောင် ဇူလိုင် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားကာ သင်တန်း သင်ခန်းစာများကို သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များက ဆက်လက်ပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ဇူလိုင်လ ၂၈ ရက်နေ့ထိဖွင့်လှစ်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရပ်/ကျေးအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်များ၊ လုပ်ထုံးလုပ်နည်းများနှင့် ပေါင်းစပ်ဆောင်ရွက်ရမည့် အခန်းကဏ္ဍများကို သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးက ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး မိုင်းနောင်မြို့အတွင်းရှိ မြို့ပေါ် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၄) အုပ်စုတို့မှ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်း စုစုပေါင်း (၃၈) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
မိုင်းနောင်(ပြန်/ဆက်)