မိုင်းပန်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ် (TOT) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

မိုင်းပန် ဇူလိုင် ၆

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ် (TOT) သင်တန်းဆင်းပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင်  မြို့နယ်ဥပဒေအရာရှိ ဦးမင်းဝသုန်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားသည်။ သင်တန်းတွင် အခြေခံသိသင့်သိထိုက်သည့် ဥပဒေ၊ နည်းဥပဒေဆိုင်ရာ ဘာသာရပ် (၁၀) ခုကို ဆွေးနွေးပို့ချပေးခဲ့သည်။

အဆိုပါ (TOT) သင်တန်းဆင်းပွဲကို ဇူလိုင်လ (၄) ရက်နေ့မှ (၅) ရက်နေ့ထိ သင်တန်းကာလ (၂) ရက် ဖွင့်လှစ်ခဲ့ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လတ်နှင့် မြို့နယ်ဥပဒေအရာရှိတို့က ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများများနှင့် စာရေးသင်တန်းသား (၂၃) ဦးတို့အား သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)