မောက်မယ် ဇူလိုင် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားအခွင့်အရေးနှင့်သက်သေခံအထောက်အထားများရရှိစေရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်သက်ကဦးဆောင်သည့် ဝန်ထမ်းများသည် နိုင်ငံတော်အစိုးရ ရက် (၁၀၀) လမင်းစီမံချက်အရ ယမန်နေ့နံနက်ပိုင်း ၉ နာရီက ပန်းတန်ကျေးရွာအုပ်စု၊ ထီပျဉ်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ တက်ရောက်နေသည့် ကျောင်းသား/ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းနှင့် Biometric UID ဇီဝအချက်အလက်ကောက်ယူခြင်းလုပ်ငန်းများကို နေ့ချင်းပြီး ဝန်ဆောင်မှုအဖြစ် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အဆိုပါကျေးရွာအုပ်စုအတွင်းရှိ ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အတူစိစစ်၍ အိမ်ထောင်စုစာရင်းနှင့် e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူ၍ Unique ID နံပါတ်တစ်ပါတည်းဆောင်ရွက်ခြင်း၊ မှတ်ပုံတင်နှင့် UID CARD မပြုလုပ်ရသေးသည့် ပြည်သူများအား အသက် ၁၀ နှစ်နှင့်အထက် နိုင်၃ (က) မှတ်ပုံတင်အသစ်ပြုလုပ်ပေးခြင်း၊ အသက် ၁၈ နှစ်ပြည့်မှတ်ပုံတင်လဲလှယ်ခြင်း၊ ဟောင်းနွမ်းပျက်စီးမှတ်ပုံတင်များအား အသစ်လဲလှယ်ပြုလုပ်ပေးခြင်း၊ ရှေ့ပြေးပုံစံနှင့် နိုင်−၂ပုံစံများ ကောက်ယူပြီး လက်ဗွေနှိပ်ယူခြင်း၊ မျက်လုံး Scan ဖတ်ခြင်းနှင့် ဓာတ်ပုံရိုက်ကူးခြင်းများကို မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နေ့ချင်းပြီးဝန်ဆောင်မှုအဖြစ် ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများ၏လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)