မိုင်းဖြတ် ဇူလိုင် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ငွေစုငွေချေး သမဝါမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်အရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သိန်းက အသင်း၏ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုများနှင့်စပ်လျဥ်း၍ အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၏ အမှုဆောင်အဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှု အစီအရင်ခံစာနှင့် ဘဏ္ဍရေးရှင်းတမ်းများကို အမှုဆောင်အဖွဲ့ဝင် ဦးတင်ဆန်းက ဖတ်ကြားခဲ့ပြီး အမှုဆောင်ဒါရိုက်တာအဖွဲ့မှတင်သွင်းသည့် ဘဏ္ဍာရေးရှင်းတမ်းများကို အတည်ပြုရယူခဲ့သည်။
ဆက်လက်၍ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာ မေးပွဲအောင်မြင်သည့် အသင်းသား/သူများ၏ သား/သမီးများအား ဂုဏ်ပြုဆုများကို ချီးမြှင့်ခဲ့သည်။ ယင်းနောက် အသင်းသား၊ အသင်းသူများကို စားဆီများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)