မိုင်းဖြတ်မြို့နယ်၌ အထူးကုဆရာဝန်များအဖွဲ့မှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းကုသပေး

မိုင်းဖြတ် ဇူလိုင် ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန တာချီလိတ်မြို့၊ ကုတင် (၁၀၀) ဆံ့ ခရိုင်ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်များအဖွဲ့သည် ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံတွင် ပြည်သူများအား ကျန်းမာ‌‌ရေးစောင့်ရှောက်မှုများ ကွင်းဆင်းကုသပေးခဲ့သည်။

ထိုကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးရာတွင် အရိုးရောဂါအထူးကုဆရာဝန်၊ သမားတော်၊ ကလေးအထူးကုဆရာဝန်၊ အထူးကုဆရာဝန် (သွားနှင့်ခံတွင်း)၊ အထွေထွေရောဂါဆရာဝန်နှင့် ကျွမ်းကျင်ဆေးအဖွဲဝင်များက လာရောက်ကုသကြသည့် တိုင်းရင်းသားပြည်သူများ (၈၄) ဦးကို အခမဲ့ရောဂါရှာဖွေစမ်းသပ်စစ်ဆေး၍ ကုသခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကျန်းမာရေးဆောင်ရွက်ပေးနေမှု အခြေအနေများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးနှင့်အဖွဲ့ဝင်များက လာရောက်ကြည့်ရှုခဲ့ပြီး အဆင်ပြေချောမွေ့စွာ ကုသခံနိုင်ရန်အတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)