တပ်ကုန်းမြို့၌ သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၃/၂၀၂၄)မှ ပြည်သူ့စစ်မှုထမ်းတစ်ဦး၏ အိမ်အပြန်ခရီးလမ်းအား မိသားစုဝင်များနှင့် ရွာလုံးကျွတ် ဂုဏ်ပြုကြိုဆို

တပ်ကုန်း ဇူလိုင် ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရွေးစုကျေးရွာမှ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၃/၂၀၂၄)မှ ပြည်သူ့စစ်မှုထမ်းတာဝန်အား သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်၊ ပြည်သူ့စစ်မှုထမ်းတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများနှင့်အတူ အိမ်ပြန်လာသည့် ပြည်သူ့စစ်မှုထမ်းတစ်ဦးကို ယမန်နေ့ညနေ (၃)နာရီခွဲက ရွာအဝင်အိမ်ပြန်လမ်းတစ်လျှောက်  ဂုဏ်ပြုကြိုဆိုခဲ့သည်။

အဆိုပါကျေးရွာမှ နိုင်ငံတော်နှင့် တပ်မတော်အတွက် စစ်သည်တော်ကောင်းတစ်ဦးပီသစွာ တာဝန်များကျေပွန်စွာထမ်းဆောင်လာခဲ့သူတစ်ဦး၏ အိမ်အပြန်ခရီးလမ်းအား မိသားစုဝင်များသာမက ရွေးစုကျေးရွာအုပ်စု၊ အုပ်စုအုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်နှင့် အဖွဲ့ဝင်များ၊ ကျေးရွာပြည်သူများကပါ ဝမ်းသာဂုဏ်ယူစွာဖြင့် ဂုဏ်ပြုငွေများ၊ ဂုဏ်ပြုပန်းခြင်းများ၊ အောင်သပြေပန်းခက်များ၊ အိုးစည်ဒိုးပတ်များဖြင့် စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။

တင်စိုးလွင်