တွံတေး ဇူလိုင် ၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင်ကျရောက်သည့် အမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသာအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက် (၇) နာရီအချိန်က မာလာကာရာဘာခြံကျေးရွာအုပ်စု၊ ဂိုဒေါင်ကုန်းကျေးရွာအဝင်လမ်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးနေဝင်း၊ ဒေါ်စုစုမင်း၊ တွံတေးခရိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ဒုတိယရဲမှူးကြီးဖုန်းမြင့်နှင့် ဦးသိန်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးထွန်အာကာနှင့် သစ်တောဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်သူများ စုစုပေါင်းအင်အား (၁၅၀) ဦးဖြင့် မန်ဂျန်ရှား (၂၅၀) ပင်၊ မဟော်ဂနီ (၅၀) ပင်၊ ခရေ (၅၀) ပင်၊ ကံကော် (၅၀) ပင်၊ ကုက္ကို (၅၀) ပင်၊ ငုရွှေဝါ (၅၀) ပင် စုစုပေါင်းပျိုးပင်ပေါင်း (၅၀၀) တို့ကို စိုက်ပျိုးခဲ့ကြပြီး တက်ရောက်လာကြသူများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။
မျိုးလှိုင်