ပင်လောင်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ပေးခြင်း အခမ်းအနားကျင်းပ

ပင်လောင်း ဇူလိုင် ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ဘက်စုံပညာကိုရည် ဒို့လှမ်းချီ” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး၊  အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းပိုခမ်းက အမှာစကားပြောကြား                                                                သည်။

ထို့နောက် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးရအောင် သင်ကြားပေးသော ဆရာ/ဆရာမများနှင့် သင်ကြားရေးထူးချွန်ဆုရရှိသော ဆရာ/ဆရာမကို မြို့နယ် ပညာရေးမှူး ဦးတင်ငွေကလည်းကောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်  အောင်မြင်သူများနှင့် ဂုဏ်ထူးဖြင့် အောင်မြင်သူများအား အထက(၂)နယ်မြေကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်းများက  ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် လေးဘာဂုဏ်ထူးရှင် ၃ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၅ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၅ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၃ နှင့် ရိုးရိုးအောင်မြင်သူ ၆၀ ဦးရှိရာ အောင်ချက် ၆၂ ဒသမ ၇၇ ရာခိုင်နှုန်းရှိကြောင်းနှင့် ပင်လောင်းမြို့နယ် အောင်ချက် ဒုတိယရရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်