တပ်ကုန်း ဇူလိုင် ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ နှစ်(၃၀)ပြည့် ပုလဲရတု မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ဇူလိုင် ၃ရက် နံနက်၈နာရီက ရှားတောကျေးရွာနှင့် ဂွေးပင်ကျေးရွာ၊ ကျေးရွာချင်းဆက်လမ်းတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် တပ်ကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျနှင့်ဌာနဆိုင်ရာများ ၊ ဆရာ၊ ဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရှားတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ဒေသခံပြည်သူများ ၊ စုစုပေါင်းအင်အား ၂၃၀ ဦးဖြင့် ကျွန်း ၊ ပိတောက်၊ မယ်ဇလီ ၊ စိန်ပန်း၊ ယင်းမာ စသည့်ပျိုးပင်ပေါင်း ၅၀၀ တို့ကို တပျော်တစ်ပါးစုပေါင်းစိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။
တင်စိုးလွင်