ပျဉ်းမနား ဇူလိုင် ၃
(၁၀၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဇောင်ချမ်းကုန်းကျေးရွာ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း(၃)သင်းရှိ အသင်းသားတောင်သူများ မိုးစပါးစိုက်ပျိုးရာတွင် အသုံးပြုနိုင်ရေး အတွက် သွင်းအားစုမြေဩဇာများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ဇောင်ချမ်းကုန်းကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဦးစွာ သမဝါယမနှင့်ကျေးလက်ဖွံ့ရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဒေသခံတောင်သူများ မိုးစပါးစိုက်ပျိုးရာတွင် ထည့်သွင်းအသုံးပြုနိုင်ရေးအတွက် လူမှုစီးပွားမြှင့်တင်ရေး(သက်တန့်ရောင်)စီမံကိန်း ထောက်ပံ့ငွေဖြင့် အားအင်သစ် ပုလဲသွင်းအားစုမြေဩဇာများကို တောင်သူများထံပေးအပ်ကာ စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး ပန်းတိုင်အထွက်နှုန်းများရှိရေးအတွက် လိုအပ်သည့်သွင်းအားစုများကို စနစ်တကျထည့်သွင်းရေးနှင့် သီးနှံဖျက်ပိုးများ ကျရောက်မှုမရှိစေရေး အလေးထားဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)