မိုင်းဆတ်မြို့၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မိုင်းဆတ် ဇူလိုင် ၃

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင်ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို  ယနေ့ နံနက် ၈ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့ရှိ မိုင်းဖုန်းဆရာတော် ဘုန်းတော်ကြီးကျောင်းဝင်းတွင် ကျင်းပသည်။

ဦးစွာ ခရိုင်အမျိုးသမီးကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးရွှေ၊ မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်တီးနာနှင့် မြို့နယ်သစ်တောဦးစီးမှူး ဦးသန်းနိုင်တို့က ပျိုးပင်များပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံရယူသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသည့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက ခရေ ၂၀ ပင်၊ ထင်းရှူး ၂၀ ပင်၊ အော်ရေးရှား ၂၀ ပင်၊ မယ်ဇလီ ၄၀ ပင်၊ စိန်ပန်းနီ ၅၀ ပင်နှင့် ပိတောက် ၅၀ ပင် စုစုပေါင်း ပျိုးပင် ၂၀၀ ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(မိုင်းဆတ်)