ရပ်စောက် ဇူလိုင် ၃
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၃) ကတိသစ္စာခံယူပွဲနှင့်သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၈ နာရီက ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း စစ်ရေးပြကွင်း၌ကျင်းပရာရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မင်းသီဟနှင့် တပ်နယ်မှအရာရှိများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
သင်တန်းဆင်းပွဲတွင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက စံပြတပ်သားဆု၊ လက်ဖြောင့်ထူးချွန်ဆု၊ စစ်မြေပြင်အင်ဂျင်နီယာထူးချွန်ဆု၊ ချေမှုန်းရေးအကောင်းဆုံးတပ်စိတ်ဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ တပ်စိတ်တိုက်ပွဲ အကောင်ဆုံးတပ်စိတ်ဆု၊ အိပ်ဆောင်ခင်းကျင်းမှု အကောင်းဆုံးဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ကတိသစ္စာခံယူခဲ့ကြသည်။ ထို့နောက် ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၈၂) ဦးအား သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့နံနက် ၈ နာရီက တပ်မတော် (ကြည်း) အမှတ် (၁) အရာခံနှင့် အကြပ်ကြီးသင်ကျောင်း ၅၀၀ ဆန့်အားကစားခန်းမ၌လည်း ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၃) ကတိသစ္စာခံယူပွဲနှင့် သင်တန်းဆင်းပွဲပြုလုပ်ခဲ့ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်မှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူ၊ ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ် ဇေယျာလင်း၊ တပ်မတော် (ကြည်း) အမှတ် (၁) အရာခံနှင့်အကြပ်ကြီးသင်ကျောင်းမှ ခေတ္တကျောင်းအုပ်ကြီး ဒုတိယဗိုလ်မှူးကြီး မြတ်လင်းမောင်နှင့် တပ်နယ်မှအရာရှိများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ သင်တန်းဆင်းပွဲအခမ်းအနားတွင် တပ်မတော် (ကြည်း) အမှတ်(၁)အရာခံနှင့် အကြပ်ကြီးသင်ကျောင်းမှ ကျောင်းအုပ်ကြီးက စံပြတပ်သားဆု၊ လက်ဖြောင့် ထူးချွန်ဆု၊ စစ်မြေပြင်အင်ဂျင်နီယာ ထူးချွန်ဆု၊ ချေမှုန်းရေးအကောင်းဆုံး တပ်စိတ်ဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ တပ်စိတ်တိုက်ပွဲအကောင်ဆုံး တပ်စိတ်ဆု၊ အိပ်ဆောင်ခင်းကျင်းမှု အကောင်းဆုံး ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ကတိသစ္စာခံယူခဲ့ကြသည်။ ထို့နောက် ပြည်သူ့ စစ်မှုထမ်းသင်တန်းသား (၃၇၀) ဦးအား သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်