မိုင်းယောင်း ဇူလိုင် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဗလမင်းထင်ခန်းမ၌ ယမန်နေ့က ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သောပစ္စည်းများပေးအပ်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက ပေးအပ်ပွဲနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့သော ယူနီဖောင်းနှင့်ဖိနပ်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက မြို့နယ်ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး(မြို့ပေါ်လုံခြုံရေးတာဝန်) အဖွဲ့ဝင်များအားပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း