မိုင်းရယ်မြို့နယ် အားကစားနှင့်ကာယပညာဉီးစီးဌာနက ရက်(၁၀၀)စီမံချက်ဖြင့် ပြုလုပ်သည့် အခြေခံဘောလုံးသင်တန်းနှင့် အေရိုးဗစ်သင်တန်းဆင်းပွဲ ကျင်းပ

မိုင်းရယ် ဇူလိုင် ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက ရက်(၁၀၀)စီမံချက်ဖြင့် ပြုလုပ်သည့်အခြေခံဘောလုံးသင်တန်းနှင့် အေရိုးဗစ်သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ(၄)နာရီက မိုင်းရယ်မြို့နယ် မြို့မအားကစားကွင်းအတွင်းတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် အေရိုးဗစ်သင်တန်းတွင် ထူးချွန်ဆုရရှိသည့်အသင်းများနှင့် ဘောလုံးထူးချွန်ဆုရရှိသူများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲများက ဆုများအသီးသီးပေးအပ်ချီးမြှင့် ပါသည်။ ယင်းနောက် အေရိုးဗစ်သင်တန်းသူများက သရုပ်ပြအကများဖြင့်ဖျော်ဖြေကြသည်။ မိုင်းရယ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက ရက်(၁၀၀)စီမံချက်ဖြင့် ပြုလုပ်သည့်အခြေခံဘောလုံးသင်တန်းနှင့် အေရိုးဗစ်သင်တန်းကို မိုင်းရယ်မြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁)အခြေခံပညာမူလတန်း(လွန်)ကျောင်းတို့မှ ကျောင်းသား/ကျောင်းသူ (၁၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မိုင်းရယ်ပြန်/ဆက်