မိုင်းရယ်၌ မြန်မာနိုင်ငံအမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနားနှင့် စု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

မိုင်းရယ် ဇူလိုင် ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို၌ ယနေ့ ဇူလိုင် ၃ ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ယနေ့နံနက် ၇ နာရီက အမှတ် (၃) ရပ်ကွက်၊ ဝါဆိုဘုန်း‌တော်ကြီးကျောင်းအနီးတွင် ပြုလုပ်သည်။

ထိုသို ပြုလုပ်ရာတွင် မြိုနယ်အမျိုးသမီးကော်မတီဥက္ကဌ၊ မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းအောင်၊ မြိုနယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်တင်ထွေးရီ၊ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးစိုင်းလောင်မုန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခမ်းကော်၊ မြိုနယ်သစ်တောဦးစီးဌာန တောအုပ် ဦးစောဆေးလယ်ထူးတို့က သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများထံ စိုက်ပျိုးမည့် ပျိုးပင်များကို အသီးသီး ပေးအပ်ခဲ့ကြပြီး တက်ရောက်လာသူများက မယ်ဇလီ (၅၀)၊ ကျွန်း (၄၅၀)၊ ပန်းဝါ (၈၀)၊ စိန်ပန်း (၃၀) နှင့် ရေသင်းဝင် (၁၀၀) စုစုပေါင်းပျိုးပင် (၇၁၀) ကို စိုက်ပျိုးခဲ့ကြသည်။

ဆက်လက်ပြီး မိုင်းရယ်မြို့ နမ့်ရယ်ခန်းမတွင် မြန်မာနိုင်ငံအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားကို ကျင်းပရာ မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ မြိုနယ် စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့တွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် ၂၅ ကြိမ်အထက် သွေးလှူရှင်များအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာအကြီးအကဲများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုင်းရယ်ပြန်/ဆက်