မောက်မယ် ဇူလိုင် ၃
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အများပြည်သူများ၏ အခြေခံလိုအပ်ချက်အရ ရှေးရှု၍ အစိုးရသစ်လက်ထက်ရက် (၁၀၀) ကာလ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID CARD များ ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်လဝကဦးစီးမှူးရုံး ဝန်ထမ်းများမှ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီတွင် အခြေခံပညာအထက်တန်းကျောင်း (ပူးယာစန်း) ရှိ ကျောင်းသား/ ကျောင်းသူများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်သက်က ဦးဆောင်ပြီး ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အတူစိစစ်၍ e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူ၍ Unique ID နံပါတ်တစ်ပါတည်းဆောင်ရွက်ခြင်း၊ မှတ်ပုံတင်နှင့် UID CARD မပြုလုပ်ရသေးသည့် ကျောင်းသား/ကျောင်းသူများအား အသက်၁၀နှစ်နှင့်အထက် နိုင်၃ (က) မှတ်ပုံတင်အသစ်ပြုလုပ်ပေးခြင်း၊ အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင်လဲလှယ်ခြင်း၊ ဟောင်းနွမ်းပျက်စီးမှတ်ပုံများအား အသစ်လဲလှယ်ပြုလုပ်ပေးခြင်း၊ ရှေ့ပြေးပုံစံနှင့် နိုင်−၂ ပုံစံများ ကောက်ယူပြီး လက်ဗွေနှိပ်ယူခြင်း၊ ဓာတ်ပုံရိုက်ကူးခြင်းများနှင့် မျက်လုံး Scan ဖတ်ခြင်းများ မြို့နယ်ဦးစီးမှူးရုံးမှ နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/ ကျောင်းသူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)