ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ယာယီရုံး၌ အလှူငွေ လှူဒါန်း ပေးအပ်ပွဲ ပြုလုပ်

ဒဂုံ(ဆိပ်ကမ်း) ဇန်နဝါရီ ၂၂

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၂)ရပ်ကွက်၊ စစ်တောင်း အိမ်ရာ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ခေတ္တယာယီရုံး၌ ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ် ကြက်ခြေနီအသင်းခွဲရုံးတည်ဆောက်ရန်အတွက် အလှူငွေ လှူဒါန်းပေးအပ်ပွဲ ကျင်းပပြုလုပ် ကြောင်း သိရသည်။

လှူဒါန်းမှုတွင် ရှေးဦးစွာ မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမြစိန်က အဖွင့်အမှာစကား ပြောကြားပြီး အလှူရှင် ဦးကျင်ဦး(ပေါ်ပြူလာ ပလပ်စတစ်ကုမ္ပဏီ)မှ အလှူငွေ (၁၀)သိန်းကျပ် ၊မြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌ ဦးအောင်ကျော်မျိုးက (၅)သိန်းကျပ် တို့ကို ပေးအပ် လှူဒါန်းရာ မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမြစိန်က အလှူငွေများ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးအောင်ကျော်မျိုးက ရုံးဆောက်လုပ်ရန် ရည်ရွယ်ချက်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်တာများကို ရှင်းလင်းပြောကြားကာ  ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရပါသည်။

နန်းရွှေကြည်(ပြန်/ဆက်)