ညောင်ရွှေ ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်းစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများတွင် ဖြစ်ပွားတတ်သည့် အရေပြား အကျိတ်နာရောဂါ (lumpy Skin Disease) သတိပြုစရာ အသိပညာပေးမြေစိုက် ပိုစတာများစိုက်ထူခြင်းကို ယနေ့ နံနက်(၉)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အသိပညာပေးမြေစိုက်ပိုစတာတွင် ကျွဲ၊ နွားအရေပြားအကျိတ်နာရောဂါလက္ခဏာများ အကြောင်း၊ ရောဂါကူးစက် ပျံ့နှံ့ပုံအကြောင်း၊ ရောဂါကာကွယ်ရမည့်နည်းလမ်းများအကြောင်းကို ရုပ်ပုံများ၊ စာများဖြင့် ထည့်သွင်းဖော်ပြထားပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနရုံးရှေ့နှင့် ညောင်ရွှေမြို့အဝင် နေရာများတွင် စိုက်ထူထားရှိကြောင်း သိရှိရသည်။
မြေစိုက်ပိုစတာများ စိုက်ထူအပြီးတွင် ဒေသခံပြည်သူများအားသတိပြုစရာ ကျွဲ၊ နွား အရေပြား အကျိတ်နာရောဂါ အကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်း၊ မြို့နယ်မွေမြူရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာအောင် မင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ