ကျောက်တလုံးကြီး ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့အတွင်းရှိ လမ်းပန်းဆက်သွယ် ရေးခက်ခဲသည့် ကျေးရွာများ မှ ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး လူမှုစီးပွားဘဝ တိုးတက်မြင့်မားစေရန် ရည်ရွယ်၍ ပင်တွန်ကျေးရွာအုပ်စု၊ နမ့်ငိုင်း-နမ့်ပါတက်-ထီခွကျေးရွာသွားလမ်း ၃ မိုင် နှင့် ၆ ဖာလုံ ကျေးရွာချင်းဆက် မြေသားဖောက်လုပ်ပြီးစီးမှု လုပ်ငန်းအခြေအနေအား ယနေ့နံနက် ၁၀နာရီခန့်က သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ က ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သူရအောင်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ် ဦးစီးအရာရှိ ဦးစိုင်းထီးဆိုင်၊ ကျောက်တလုံးကြီးမြို့ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးစောချမ်း၊ ကျောက်တလုံးကြီးမြို့ လမ်ဦးစီးဌာန၊ မြို့အင်ဂျင်နီယာ ဦးလှမျိုးဦး နှင့် ပင်တွန်ကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးတို့မှလိုက်ပါ၍ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြေသားဖောက်လုပ်ငန်းကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ (၁၅၇.၉၉၀) ကျပ်သန်းဖြင့် H double H ကုမ္မဏီမှ တာဝန်ယူ ဆောင်ရွက် လျက်ရှိသော ပင်တွန်ကျေးရွာအုပ်စု၊ နမ့်ငိုင်း-နမ့်ပါတက်-ထီခွကျေးရွာ သွားလမ်းမြေဖျက်ပြီးစီးမှု လုပ်ငန်းအခြေအ နေ မှာ ၂မိုင်နှင့်၅ဖာလုံ ခန့်ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။
မြဝင်း(ပြန်/ဆက်)