တပ်ကုန်းမြို့နယ်၌  မိုးနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

တပ်ကုန်း ဇူလိုင် ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါးအပါဝင် ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်နှင့် အခြားသီးနှံများ စိုက်ပျိုးကြရာ မိုးနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

တပ်ကုန်းမြို့နယ်တွင် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းစေရန် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ပိုးမွှားကျရောက်မှုကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ သဘာဝအားဆေး၊ ပိုးသတ်ဆေးနှင့် ပိုးနှင်ဆေးပြုလုပ်သုံးစွဲရေး၊ ဘက်စုံကာကွယ်ရေးနည်းစနစ်များ အသိပညာပေးများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် နှမ်းစိုက်ပျိုးဧက ၁၂၁၁၁ လျာထားပြီး၊ ဇွန်လအထိ ၃၅၂၁ ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်ကာ ကျန်ဧကများ ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

တင်စိုးလွင်