ပုဇွန်တောင် မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့နည်းကျဆင်းရေးအတွက် Yellow Campaign ဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပုဇွန်တောင်  ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် အတွင်းရှိ လမ်းသွားလမ်းလာ ပြည်သူများ၊ စက်ဘီးဆိုင်ကယ်စီးနင်းလာသူများ၊ YBSယာဥ်မောင်းများနှင့် ယာဉ်ပေါ် လိုက်ပါလာသူ ခရီးသွားပြည်သူများအား Maskတပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေပါ၊ တစ်ဦးနှင့်တစ်ဦး အသိပေးပါ၊ သတိပေးပါ စာတမ်းပါ တီရှပ်များ ဝတ်ဆင်ပြီး  နှာခေါင်းစည်းမတပ်ဆင်သူများအား နှာခေါင်းစည်း တပ်ဆင်ပေးပြီး နှာခေါင်းစည်း (mask)လိုအပ်သူ များအား နှာခေါင်းစည်းနှင့် Stop COVID-19 အသိပညာပေးစာတမ်းပါ ပိုစတာများ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ်(၃)ရပ်ကွက် Ocean မှတ်တိုင်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တစ်ဦး နှင့်တစ်ဦး အသိပေးပြီး ခပ်ခွာခွာနေကြရန်၊ လက်မကြာခဏဆေးကြောရန်နှင့် နှာခေါင်းစည်း တပ်ဆင်သည့် အလေ့အထများရရှိလာစေပြီး သတိပြုနေထိုင်နိုင်ရန်  နှာခေါင်းစည်း Maskများ၊ Stop-COVID-19 အသိပညာပေး စာတမ်းပါပိုစတာများအား ပုဇွန်တောင် မြို့နယ် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းပါဝင်ပြီး ဆောင်ရွက်လျက်ရှိ ကြောင်းနှင့်  ကိုဗစ်-၁၉ရောဂါ ကျန်းမာရေး အသိပညာပေး လုပ်ငန်းများကို လူသွားလူလာများသည့် နေရာများတွင်  ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

နေခြည်လင်း(ပြန်/ဆက်)