မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်ရေး အသိပညာပေးခြင်းလုပ်ငန်းများအရှိန်မြှင့်ဆောင်ရွက်

ရန်ကုန် ဇန်နဝါရီ ၂၂

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာမှုကြောင့် အသက်အန္တရာယ် ထိခိုက် ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့မှ နေ့စဉ်စည်းကမ်း ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်ကလည်း ယုဇန ပလာဇာစျေးအရှေ့၊ ဗညားဒလ လမ်းမကြီး တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် မင်္ဂလာတောင်ညွန့်မြို့နယ် ယာဥ်ထိန်းတပ်ဖွဲ့စုမှ ဒု- ရဲမှူး ဇော်အောင်ထွန်း၏ ဦးဆောင်မှုဖြင့် တပ်ဖွဲ့ဝင်များမှ ယာဥ်မောင်းနှင်လာသူများအား ယာဉ် စည်းကမ်းနှင့်အညီ မောင်းနှင်စေရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေများအား လိုက်နာမှု ရှိစေရေးအတွက် လည်းကောင်း၊ ခရီးသွားပြည်သူများအား လမ်းစည်းကမ်းများကို နားလည် သဘောပေါက်ပြီး အစဉ်အမြဲလိုက်နာဆောင်ရွက်စေရေး တို့ကို အသိပညာပေးပြောကြားခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)