မတ္တရာမြို့နယ် လျှပ်စစ်မန်နေဂျာရုံး၌ မိုးရာသီသစ်ပင်စိုက်ပျိုး

မတ္တရာ ဇူလိုင် ၃

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မတ္တရာမြို့နယ် လျှပ်စစ်မန်နေဂျာရုံးတွင် ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် ၃ ရက် နံနက် ၈ နာရီက ကျင်းပခဲ့သည်။

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးတွင် မြို့နယ်လျှပ်စစ်မန်နေဂျာ ဒေါ်မီလာဌေးနှင့် လျှပ်စစ်ဝန်ထမ်းသည် သရက် ၁၀ ပင်၊ မာလကာ ၅ ပင်၊ ကံ့ကော်၁၀ ပင်၊ မည်စည် ၃ ပင်နှင့် တပေဘူတ ၂ ပင် စုစုပေါင်း (၃၀) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ရွှေရာသား