ရမည်းသင်းမြို့နယ်၌ ပုံပြင်ပြောပြခြင်း၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ရမည်းသင်း  ဇူလိုင်  ၃

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၌ကျောင်းသား၊ ကျောင်းသူများ ပုံပြင်ပြောပြခြင်း၊ နံရံကပ်စာစောင် ပြပွဲနှင့် စာ အုပ်ပြပွဲကို ဇူလိုင်လ ၃ ရက် နံနက် ၉နာရီက အ.မ.က ဆည်ကြီးကျောင်း၌ ပြုလုပ်သည်။

ထိုသိုပုံပြင်ဖတ်ပြခြင်းပြုလုပ်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်အိရတနာဖြိုးက ကျောင်းသား၊ ကျောင်းသူများအသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ “စာကြမ်းပိုးကောက်ရိုး” ခေါင်းစဥ်ဖြင့် ပုံပြင်ပြောပြပြီး ပုံပြင် ထဲတွင်ပါသော အကြောင်းအရာများကို ပြောပြခဲ့ပြီး ကျောင်းသား၊ ကျောင်းသားများ အနေဖြင့်လည်း ဒီပုံပြင်လေးထဲကအတိုင်းစာများများ ဖတ်ကြပါရန်နှင့်ကျောင်းစာတွင်သာမက ပြင်ပဗဟုသုတစာပေများကိုဖတ်ရှု့လေ့လာမှသာ အနာဂတ်အတွက် မျိုးဆက်သစ်လူငယ်များသည် တိုင်းပြည်အတွက် အားကိုး၊ အားထားရသော လူတော်လူကောင်းများဖြစ်လာစေရန်အတွက် အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ/ရသ ဖြစ်စေမည့် စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ  ကြည့်ရှုလေ့လာဖတ်ရှုခဲ့ကြကြောင်းသိရသည်။

 ဟိန်းပြည့်ဇော်(ရမည်းသင်း)