နမ့်စန်(တ) ဇူလိုင် ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၁/၂၀၂၆)ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁ရက်နေ့ နံနက်၁၁နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်က သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်း စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းကို ဇူလိုင်လ ၂၈ ရက်နေ့ထိဖွင့်လှစ်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်များ၊ လုပ်ထုံးလုပ်နည်းများနှင့် ပေါင်းစပ်ဆောင်ရွက်ရမည့်အခန်းကဏ္ဍများကို သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးက ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး နမ့်စန်မြို့နယ်နှင့်ခိုလမ်မြိုတို့ရှိ ရပ်ကွက်(၁၁)ခုနှင့် ကျေးရွာအုပ်စု(၂၀)တို့မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့်စာရေးဝန်ထမ်း စုစုပေါင်း(၆၂)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
သူရအောင်(နမ့်စန်)