ပျော်ဘွယ်မြို့နယ် အ.လ.က(ကြက်တည်)၌ သဘာဘေးအန္တရာယ် ကာကွယ်ရေးဟောပြော

ပျော်ဘွယ် ဇူလိုင် ၃

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိဉာဏ်ပညာဗဟုသုရရှိစေရန်အတွက် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၃ ရက်၊ နံနက် ၉ နာရီက အခြေခံပညာအလယ်တန်းကျောင်း(ကြက်တည်)၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက သဘာဝဘေးအန္တရာယ် အမျိုးမျိုးရှိသည့်အနက် အချို့မှာကြိုတင်ခန့်မှန်းနိုင်သော်လည်း ငလျင်ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်း၍မရနိုင် ပါကြောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များလည်းရှိသလို ကြိုတင်ကာကွယ်ထားရမည့် နည်းလမ်းများကို သိရှိနိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်ရှင်းလင်းဆွေးနွေးသည်။

ထိုနောက် မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်များကိုပြသထားရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက လေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)