စဉ့်ကိုင်မြို့နယ်တွင် ကိုယ်၀န်ဆောင်မိခင်များနှင့် အသက် နှစ်လပြည့်မှ တစ်နှစ်ခွဲ‌အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံ

စဉ့်ကိုင် ဇူလိုင် ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ မြို့ပေါ်(၅)ရပ်ကွက်မှ အသက်နှစ်လပြည့်မှ တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဇူလိုင်လ ၃ ရက်‌နေ့ နံနက်ပိုင်းက မြို့နယ်မိခင်နှင့် ကလေး ကျန်းမာရေးဌာနတွင် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဌာနမှ၀န်ထမ်းများက အသက်နှစ်လပြည့်မှ တစ်နှစ်ခွဲအောက် ကလေးငယ်များကို (ဘီစီဂျီ) ပြင်းထန်၀မ်းပျက်၀မ်းလျှော‌ရောဂါ၊ (ရိုတာ) ပိုလီယိုပြင်းထန် အဆုတ်ရောင်၊ (ပီစီဗီ) ၀က်သက်ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊  ဦးနှောက်အမြှေးရောင်ရောဂါ ကာကွယ်ဆေးများကို အသက်အရွယ်  အပိုင်းအခြားအလိုက် ထိုးနှံပေးရာတွင် ပုံမှန်ကာကွယ်ဆေးလာရောက်ထိုးနှံသော အသက်နှစ်လပြည့်မှ တစ်နှစ်ခွဲအထိ ကလေးငယ် ၄၉ ဦးနှင့် မေးခိုင်ကာကွယ်ဆေးကို ကိုယ်၀န်ဆောင်မိခင် ၁၃ ဦးတို့အား ထိုးနှံ‌ပေးခဲ့ကြကြောင်းနှင့် မြို့နယ်အနေဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို လစဉ် လဆန်း၁ရက်နေ့မှ ၅ရက်နေ့အထိ ပုံမှန်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ကျော်စွာ (စဉ့်ကိုင်)