ညောင်ဦးခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ညောင်ဦး ဇူလိုင် ၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစည်းအဝေးခန်းမ၌ ဇူလိုင် ၃ ရက် နံနက် ၉ နာရီက ခရိုင်အဆင့် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

ခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ‌ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင် ဒုတိယရဲမှူးကြီး အေးမင်းစိုးရညောင်ဦးခရိုင် အတွင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ခရိုင်အဆင့်ဌာနဆိုင်ရာများက မိမိတို့၏သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ဆက်လက်လုပ်ကိုင်ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြကြရာ ဌာနဆိုင်ရာလုပ်ငန်းများ အဆင်ပြေချောမွေ့ စွာဆောင်ရွက်နိုင်ရေး ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း