ရမည်းသင်း ဇူလိုင် ၂
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်၊ရမည်းသင်းမြို့နယ်၌ ကျောင်းသား၊ကျောင်းသူများအသိပညာဗဟုသုတရရှိစေရန်နှင့်အသိလိမ္မာတိုးပွားမှု ရရှိစေရန် လူငယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာဆောင်ပြပွဲနှင့် စာအုပ်စာစောင်ပြသပွဲကို ဇူလိုင် ၂ရက် မွန်းလွဲ ၁နာရီက စံပြသိမ်ကုန်းကျေးရွာ မိတ္ထီလာ(အ.လ.က)ခွဲကျောင်း၌ ကျင်းပသည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ယဥ်သူသူလင်းက လူငယ်များနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြား ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဥ်အရွယ်မှစ၍ စာပေဖတ်ရှု့လေ့လာခြင်းဖြင့် စာပေဗဟုသုတများကို ကြိုစားဖတ်ရှုရန်လိုအပ်ပါကြောင်း၊ ကျောင်းစာများတွင်သာမက ပြင်ပဗဟုတစာပေများကို ဖတ်ရှုလေ့လာမှသာ အနာဂတ်အတွက် မျိုးဆက်သစ်လူငယ်များသည် တိုင်းပြည်အတွက် အားကိုးအားထားရသော သားကောင်းရ တနာ၊ သမီးကောင်းရတနာလေးများ ဖြစ်ထွန်းလာစေရန်အတွက် အသိပညာပေးဟောပြောသည်။
ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လျှပ်စစ်အန္တရာယ်အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ်စောင်များကို ခင်းကျင်းပြသခဲ့ကြောင်းသိရသည်။
ဟိန်းပြည့်ဇော်(ရမည်းသင်း)