လက်ပံတန်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးပိုစတာများ ဖြန့်ဝေ

လက်ပံတန်း ဇန်နဝါရီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာ ခြင်းကြောင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ လှည့်လည် အသိပညာပေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးလောင်မှုနှင့် မီးလန့်မှု မဖြစ်ပေါ်စေရေး၊ မီးဘေး အန္တရာယ် ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ ဝိုင်းဝန်း ကူညီဆောင်ရွက်ရေး၊ ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းရေး၊ မီးဘေးလုံခြုံရေး အတွက် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့်အချက်များကို လက်ပံတန်းမြို့နယ် ရပ်ကွက်များနှင့်ကျေးရွာအုပ်စု တို့တွင် အသိပညာပေး ဗီနိုင်းပိုစတာများ လိုက်လံကပ်ပေးခဲ့ပြီး ကျန်ရပ်ကွက်ကျေးရွာများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ် ဦးစီးဌာနမှ သိရသည်။

ဝင့်နန္ဒာဌေး